ကိယက်ဗ်နှင့် ချာနီဟစ်ဗ်မြို့ အနီးတွင် ရုရှားတပ်များ ပြန်စုဖွဲ့နေ

ရုရှားတပ်တွေဟာ တခြား အဓိကနေရာတွေကို အာရုံစိုက်ဖို့နဲ့ ခွဲထွက်တဲ့ ဒွန်ဘတ်စ်ဒေသ အပြီးတိုင် လွတ်မြောက်ဖို့ ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်နဲ့ မြောက်ပိုင်းမြို့ ချာနီဟစ်ဗ် မြို့နားတွေမှာ ပြန်စုဖွဲ့နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃၀ ရက်မှာ ပြောတယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တိုးတက်အောင် ပံ့ပိုးဖို့ ရုရှားဟာ ကိယက်ဗ်နဲ့ ချာနီဟစ်ဗ် မြို့တွေနားက စစ်ဆင်ရေးတွေကို ပြန်ဆုတ်မယ်လို့ ပြောအပြီး နောက်နေ့မှာ ဝန်ကြီးဌာနက ကြေညာချက် ထွက်လာခဲ့တာပါ။
ဒါပေမယ့် ရုရှားဟာ မတ် ၃၀ ရက်နေ့ထိ ၂ နေရာစလုံးကို ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ကိယက်ဗ်မြို့နားက ရိုက်တာသတင်းထောက်နဲ့ ချာနီဟစ်ဗ် မြို့တော်ဝန်တို့က ပြောခဲ့ကြပါတယ်။