close

ပြည်သူ၏ အထောက်အပံ့ဖြင့် လက်နက်များ ဝယ်ယူနိုင်ခဲ့ဟု RKDF အသိပေး

ပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ လက်နက်တွေဝယ်ယူနိုင်ခဲ့တယ်လို့ Ranger Kalay Defend Force က ဧပြီ ၂ရက် ဒီကနေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။

လက်နက်ဝယ်ယူရတာခက်ခဲပြီး သယ်ယူရာမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြန့်ကြာနေတဲ့ လက်နက်တွေ ရောက်ရှိလာပြီဖြစ်လို့ RKDFက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျည်ဆန်ဈေးတွေဟာ ထက်ဝက်အထိ ဈေးနှုန်းမြင့်တက်ခဲ့လို့ (40MM)ကျည်တွေပဲ အနည်းငယ် ဝယ်ယူခဲ့ရပြီး 2 week project က AK တလက်လည်း ဒီလထဲ ရောက်လာမယ်လို့ ဆိုပါတယ်။

ဒီ့ထက်ပိုမိုပြည်စုံနိုင်ဖို့ ပြည်သူလူထုတွေအနေနဲ့ တတ်အားသရွေ့ ပါဝင်ကူညီပေးကြဖို့လည်း ပန်ကြားထားပါတယ်။

မတ် ၂၉ ရက်ကလည်း ပြည်သူပိုင်စည်ပင်ကား ၃ စီးကို RKDFက တော်လှန်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ သိမ်းယူခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးမြို့နယ်ဟာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်နေမှုကိုခံနေကြရပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့  PDFတပ်တွေအကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up