ကင်မရွန်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြန်ကစားခွင့်ပေးရန် အယ်လ်ဂျီးရီယားတောင်းဆို

အယ်လ်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ဟာ ကင်မရွန်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်ကို ပြန်ကစားခွင့်ပေးဖို့ ကမ္ဘာ့ဖလားလုံးအဖွဲ့ချုပ်(ဖီဖာ)ကို တောင်းဆိုထားပါတယ်။
အယ်လ်ဂျီးရီးယားဟာ ပထမအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ အချိန်ပိုဆက်ကစားခဲ့ရာမှာ ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ အီကမ်ဘီက ကင်မရွန်းအတွက် အနိုင်ဂိုးသွင်းခဲ့တာကြောင့် အယ်လ်ဂျီးရီးယားအသင်းက ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဘက်လက်မှုတွေရှိခဲ့ပြီး တိုက်စစ်မှူး ဆလီမန်နီသွင်းခဲ့တဲ့ ၂ ဂိုးကိုလည်း ခွင့်မပြုခဲ့တာကြောင့် ဒုတိယအကျော့ကို ပြန်ကစားပေးဖို့ တောင်းဆိုခဲ့တာပါ။
“ပွဲရလဒ်ကို ပြောင်းလဲစေနိုင်တဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့အပေါ် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဖီဖာကို တရားဝင် အယူခံတင်သွင်းသွားမှာပါ။
ဒုတိယအကျော့ပွဲစဉ်ကို ဘက်မလိုက်မှုနဲ့ရိုးသားမှုကို အာမခံနိုင်တဲ့ အခြေအနေအောက်မှာ ပြန်ကစားပေးဖို့အတွက် ဥပဒေပါ လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီးဖို့ ဆုံးဖြတ်ထားပါတယ်” လို့ အယ်ဂျီးရီးယားအသင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အယ်လ်ဂျီးရီးယားဘက်က ပွဲပြန်ကစားဖို့ တောင်းဆိုနေပေမယ့် ဖီဖာဘက်က အုပ်စုမဲခွဲမှုတွေ ပြုလုပ်ပြီးပါပြီ။ ကင်မရွန်းအသင်းက ဘရာဇီး၊ ဆားဘီး ယား၊ ဆွစ်ဇာလန် အသင်းတွေနဲ့ အုပ်စု G မှာ ကျရောက်ခဲ့ပါတယ်။