close

ရုရှားသံတမန် ၂၅ ဦးကို စပိန် နှင်ထုတ်

ယူကရိန်းမှာ ရုရှားစစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စပိန်အစိုးရက မက်ဒရစ်မြို့ရှိ ရုရှားသံတမန်နဲ့ သံရုံးဝန်ထမ်း ၂၅ ဦးကို နှင်ထုတ်မယ်လို့ ဧပြီ ၅ ရက်က ပြောပါတယ်။

စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ် အယ်လ်ဘာရက်စ် “ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်လာနိုင်တာကြောင့် ရုရှားသံတမန်တွေနဲ့ သံရုံးဝန်ထမ်းတွေကို နှင်ထုတ်ဖို့ ဆုံးဖြတ်ရတာပါ” လို့ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ သူက ရုရှားသံအမတ်တဦးကိုတော့ ဆက်ထားမှာဖြစ်ပြီး မော်စကိုမှာ စပိန်သံအမတ်ကိုလည်း ဆက်ထားဦးမယ်လို့ ဆိုပါတယ်။

“ဒီလို ဆက်ထားရတဲ့အကြောင်းက ကျနော်တို့ စပိန်နဲ့ ဥရောပမဟာမိတ်တွေက ပူတင်အနေနဲ့ စစ်ပွဲကိုရပ်ပြီး သံတမန်ရေး ဆွေးနွေးမှုတွေ ပြန်စဖို့ မျှော်လင့်ချက်ထားနေဆဲမို့ပါ” လို့ ပြောပါတယ်။

စပိန်နဲ့အလားတူ အီတလီ၊ ဒိန်းမတ်၊ ဆွီဒင်တို့ကလည်း မတ် ၅ ရက်နေ့ကတည်းက ရုရှားသံတမန်တွေကို ပြန်မောင်းထုတ်ကြောင်း ကြေညာထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up