close

ကင်ဂျုံအန်း အုပ်ချုပ်မှု ၁၀နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံလုံးဆိုင်ရာအစည်းအဝေးလုပ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အုပ်ချုပ်မှု ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သူ့ပုံအသစ်ကို နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးမှာ ဧပြီ ၁၀ ရက်က အခမ်းအနားနဲ့တကွ ဖွင့်လှစ်လိုက်ပါတယ်။

အစိုးရဩဇာကို ခင်းကျင်းပမယ့် ပွဲစဉ်တွေကိုလည်း ဒီသီတင်းပတ်ထဲမှာ ကျင်းပဖို့ မျှော်လင့်ထားပါတယ်။

ခေါင်းဆောင်ကြီးဟာ နိုင်ငံရဲ့ နျူကလီးယား စွမ်းအင်အစီအစဉ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့ သမိုင်းဝင် ပန်းတိုင်ကို နောက်ဆုံးမှာ ဆွတ်ခူးနိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို သဘာပတိအဖွဲ့ဝင် ချိုးရယောင်ဟေးက အစည်းအဝေးအတွင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။

သူဟာ ကင်ရဲ့လက်အောက်မှာ ဝါအရင့်ဆုံး အရာရှိတွေထဲက တယောက်ပါ။

ကင်ဂျုံအန်းဟာ ဖခင် ကင်ဂျုံအီလ် ၂၀၁၁ ဒီဇင်ဘာမှာ သေဆုံးအပြီး ပါတီခေါင်းဆောင် အဖြစ်ရော နိုင်ငံ့ခေါင်းဆောင်အဖြစ်ပါ ရွေးချယ်တင်မြှောက်ခံရလို့ အာဏာရခဲ့တာပါ။

ဒါပေမယ့် ရွေးကောက်ပွဲတွေမှာ လက်တွေ့မှာ မဲတခုစီမှာ ကိုယ်စားလှယ်လောင်း တယောက်သာရှိတယ်လို့ ဆိုပါတယ်။

ကင်တို့ မြေးအဘိုးမိသားစုဟာ မြောက်ကိုရီးယား သမိုင်းတလျှောက်လုံး တိုင်းပြည်ကို အုပ်ချုပ်လာတာပါ။

မြောက်ကိုရီးယားဟာ ၂၀၀၆ တည်းက ခုထိ နျူကလီးယား စမ်းသပ်မှု ၆ ကြိမ် လုပ်ခဲ့ပြီး ကင်ဂျုံအန်းလက်ထက်မှာတော့ လေးကြိမ် စမ်းသပ်ခဲ့တာပါ။

မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၂၆ နဲ့ မတ် ၄ ရက်တွေမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ခဲ့ပါတယ်။

မတ် ၂၄ ရက်မှာတော့ အင်အားပြည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စနစ်သစ်ကို စမ်းသပ်ခဲ့တဲ့ နောက် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှု သိသိသာသာ အရှိန်မြင့်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up