close

ပါကစ္စတန်လွှတ်တော်က အတိုက်အခံခေါင်းဆောင် ရှဘတ်ဇ်ရှရိဖ်ကို ဝန်ကြီးချုပ်တင်မြှောက်

ပါကစ္စတန်လွှတ်တော်က ဝန်ကြီးချုပ်အင်မရန်ခန်းကို အယုံအကြည်မရှိ မဲခွဲ ထုတ်ပယ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်နေရာအတွက် ရှဘတ်ဇ် ရှရိဖ်ကို ဧပြီ ၁၁ ရက်မှာ ရွေးချယ်ခဲ့ပါတယ်။ 

အသက် ၇၀ နှစ်ရှိ ရှရိဖ်ဟာ ဝန်ကြီးချုပ် သုံးကြိမ်ဆက် ထမ်းဆောင်ခဲ့တဲ့ နဝပ်ရှရိဖ်ရဲ့  ညီအငယ်ဆုံးဖြစ်ပြီး နိုင်ငံရေးထက် အုပ်ချုပ်ရေးကျွမ်းကျင်တယ်လို့ နာမည်ရသူပါ။  

အင်မရန်ခန်း ထုတ်ပယ်ခံရတာကို မကျေနပ်တဲ့ သူ့ပါတီဝင်တွေက ဧပြီ ၁၁ ရက်နေ့မှာ ကာရာချိမြို့လမ်းတွေပေါ်  အကြီးအကျယ် ဆန္ဒပြခဲ့တာပါ။ 

သူ့ကို ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်ကလည်း လွှတ်တော်ကနေ နုတ်ထွက်ခဲ့ပါတယ်။ သူတို့နုတ်ထွက်လွှာကို လွှတ်တော်ဥက္ကဋ္ဌက လက်ခံခဲ့ရင် ကိုယ်စားလှယ်လစ်လပ်နေရာ ၁၀၀ အတွက် နှစ်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမှာပါ။

ဝန်ကြီးချုပ်သစ် ရှဘတ်ဇ် ရှရိဖ်က သူ့အစ်ကို နဝပ် ရှရိဖ် ထက်ပိုပြီး ပါကစ္စတန်စစ်တပ်နဲ့ ဆက်ဆံရေး ကောင်းပါတယ်။ ပါကစ္စတန်စစ်တပ်က အစဉ်အလာအားဖြင့် အစိုးရ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး မူဝါဒတွေကို ထိန်းချုပ်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up