close

သင်္ဃန်းညီနောင် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်

ကရင်ပြည်နယ် မြဝတီမြို့အနောက်ဘက် ၆ မိုင်လောက်အကွာ သင်္ဃန်းညီနောင် စစ်ကောင်စီစခန်းတခုကို KNLA ပူးပေါင်းအဖွဲ့က ဧပြီ ၁၂ ရက်နေ့ မနက် ၅ နာရီလောက် ဝင်ရောက်တိုက်ခိုက်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို အင်အားဖြတ်တောက်တဲ့အနေနဲ့ အဲဒီစခန်းကို ဝင်ရောက်တိုက်ခိုက်တာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူးတဦးက ပြောပါတယ်။

မြဝတီမြို့၊ မဲဆောက်မြို့နဲ့ ဝှေ့ရှမ်းရွာအထိ သေနတ်သံတွေ ကြားနေရတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ဃန်းညီနောင် စစ်ကောင်စီစခန်း တိုက်ပွဲမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ ဧပြီ ၁၀ ရက်နေ့ မနက်အစောပိုင်းလည်း စစ်ကောင်စီတပ်က ကင်းလှည့်လာစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးများပြီး ဗိုလ်ကြီးတဦးလည်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up