မန္တလေး သင်္ကြန်အကြိုနေ့ မနက် မြင်ကွင်း (ဓာတ်ပုံ)









2
မန္တလေးမြို့အတွင်း ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်းက ရေပက်သူ မရှိသလောက် နည်းပါးပြီး ကလေးငယ်တချို့သာ ရေပက်ကစားနေကြပါတယ်။
ကျုံးပတ်လည်တလျှောက် နေရာအတော်များများမှာလည်း လမ်းတွေပိတ်ထားသလို မြို့တွင်း လမ်းမတချို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကားတချို့ လှည့်လည်သွားလာနေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ မန္တလေးနန်းတွင်းမှာ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။