close

မူဆယ်တွင် သင်္ကြန်အကအဖွဲ့ ဗုံးပစ်သတိပေးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ မီးသတ်တပ်ဖွဲ့ရုံးမှာ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အတွက် အကတိုက်နေတဲ့ ယိမ်းအဖွဲ့ကို ဧပြီ ၁၂ ရက် ညက ဗုံးပစ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲကို ပူးပေါင်းပါဝင်တာ မပြုလုပ်ဖို့ အသိပေးတဲ့အနေနဲ့ မူဆယ်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (People Security And defense Army - Muse) ဆောင်ရွက်တာဖြစ်တယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုမှာ လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိပါဘူး။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးကျင်းပမယ့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာ ဗုံးခွဲတိုက်ခိုက် သတိပေးတာတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up