close

နွားထိုးကြီးမြို့နယ်တွင် သင်္ကြန်ကာလ ၄ ရက် ဆက်တိုက် ပေါက်ကွဲမှုများဖြစ်

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်မှာ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် မနက်ပိုင်းက လုံးတောကျေးရွာမှာ ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

နွားထိုးကြီးနယ် လုံးတောကျေးရွာမှာ ဧပြီ ၁၆ ရက် မနက် ၁၀ နာရီလောက်က မူးရူး ရေကစား နေတဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို  လက်လုပ်မိုင်းနဲ့  ဖောက်ခွဲ သတိပေးခဲ့တယ်လို့ Natogyi People Defence Force က ပြောပါတယ်။

နွားထိုးကြီး နယ်အတွင်းမှာ သင်္ကြန်အကြိုနေ့ ဧပြီ  ၁၃ ရက်ကမြို့ပေါ်မှာ ၃ နေရာ၊ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က ဆူးဖြူကုန်းရွာ အထက ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အဖွဲ့တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ကြန် အကြတ်နေ့ ဧပြီ ၁၅ ရက် ည ၇ နာရီကျော်က ပြင်စည် ကျေးရွာ ဓာတ်အားခွဲရုံမှာ စောင့်နေတဲ့ လုံခြုံရေးတပ်သား ၂ ဦးကို ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေး ၂ ဦး ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ကာလအတွင်း Natogyi People Defence Force  အဖွဲ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေ့စဉ့် ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up