close

ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ပုပ်ရဟန်းမင်း ဖရန့်စစ် ပြစ်တင်

ဧပြီ ၁၆ ရက်နေ့ အီစတာ ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်း ဖရန့်စစ်က ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို အပြစ်တင်လိုက်ပြီး စစ်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းဟာ ခြေထောက်မှာ ခံစားနေရတဲ့ ဝေဒနာကြောင့် ဆုတောင်းပွဲကို ဦးမဆောင်နိုင်ခဲ့ပါဘူး။ 

ဆုတောင်းပွဲမှာ အရင်လက ရုရှားရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရတဲ့ မီလီတိုပို မြို့တော်ဝန် အီဗင် ဖီဒိုရော့ဗ်လည်း တက်ရောက်ပါတယ်။ 

ပုပ်ရဟန်းမင်းက စစ်ရဲ့ အနိဌာရုံ၊ ရက်စက်မှုကို အပြစ်တင်လိုက်ပြီး စစ်ဘေးသင့်နေတဲ့ ယူကရိန်း ပြည်သူတွေအတွက်လည်း ဆုတောင်းပေးတဲ့အကြောင်း မိန့်ကြားပါတယ်။

“အားလုံးအတွက်လည်း ဆုတောင်းပေးပါတယ်။ ဒုက္ခတွေ များလွန်လှတဲ့ သင်တို့နဲ့ အတူ ရှိနေပါတယ်” လို့ ပုပ်ရဟန်းမင်းက မိန့်ကြားပါတယ်။ 

ဒီဆုတောင်းပွဲ မတိုင်ခင်လေးမှာ ပုပ်ရဟန်းမင်းဟာ ယူကရိန်းက ကိုယ်စားလှယ်အဖွဲ့နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါသေးတယ်။ ဆုတောင်းပွဲကို ပရိသတ် ၅၅၀၀ တက်ရောက်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up