စပိန်ပိုင် ကျွန်းတခုတွင် မူးဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိ

စပိန်နိုင်ငံပိုင် ကျွန်းတကျွန်းဖြစ်တဲ့ ဂရန်း ကာနာရီယား ကျွန်းမှာ ဧပြီ ၁၆ ရက်နေ့က ငါးဖမ်းလှေတစင်းပေါ်မှာ မူးယစ်ဆေးဝါး အမြောက်အများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို စပိန်နိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်အခွန်ဌာန၊ ကာစတန် ဌာနတို့ ပူးတွဲ ပြုလုပ်ခဲ့တာပါ။
မူးယစ်ဆေးဝါးတွေ တင်ဆောင်ထားတဲ့ ငါးဖမ်းလှေဟာ ပူအာတို ဒီလာလက်စ် ဆိပ်ကမ်းကို ဦးတည်သွားပြီး ဒေသစံတော်ချိန် ၃ နာရီလောက်မှာ ရပ်နားထားခဲ့တယ်လို့ စပိန် သတင်းအေဂျင်စီ EFE က ဆိုပါတယ်။
ရိုက်တာသတင်းမှာတော့ ငါးဖမ်းလှေပေါ်ကနေ မူးယစ်ဆေးဝါးတွေကို ရဲကားပေါ် ပြောင်းတင်နေပြီး သံသယရှိသူ ၅ ယောက်ကို လှေပေါ်ကနေ ဆင်းခိုင်းနေတာ တွေ့ရပါတယ်။
ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးအမျိုးအစားနဲ့ ပမာဏကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။