close

ဖယ်ခုံမြို့နယ်၌ PDF သင်တန်းဆင်းပွဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာမှာ ဧပြီ ၁၈ ရက် ဒီနေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပနေချိန်  ဖယ်ခုံမြို့အခြေ စိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ဒီမနက် လွယ်ပေါမှာ PDF သင်တန်းဆင်းပွဲလုပ်နေတာကို စစ်တပ်က ဘယ်လို သတင်းရသွားလည်း မသိဘူး၊ ဖယ်ခုံဘက်ကနေ လက်နက်ကြီးနဲ့ လေး ချက်ပစ်လာတယ်" လို့ ပြောပါတယ်။

စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ လွယ်ပေါရွာအတွင်းနဲ့ စေတီကုန်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ပြည်သူလူထုနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာမှာကျင်းပတဲ့  PDF တပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up