close

ဖရူဆို၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ၁ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့် အိမ်အချို့ပျက်စီး

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့၊ လောထောတနောကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီး တယောက် ဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့  နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF -B15 ကထုတ်ပြန်ပါတယ်။

ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက် မနက် ၄ နာရီလောက်က  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လောထောတနော ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့  ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျဉ်ဆန်စတွေ  ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ 

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်တွေဟာ ပြည်သူ့အသက်၊ အိုးအိမ်ကို မငဲ့ကွက်ဘဲ  စစ်ရာဇဝတ်တွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်ကလည်း လွိုင်ကော်မြို့နယ် အရှေ့ဘက် ဒေါမူကလားကျေးရွာဘက်ကို စစ်ကောင်စီ အမြောက်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့လို့ နေအိမ်တလုံး ပျက်စီးကာ ဒေသခံတွေ ရှောင်တိမ်းနေကြရသလို အဆိုပါကျေးရွာက အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးလည်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up