close

သီရိလင်္ကာရဲတပ်ဖွဲ့က ကျည်အစစ်သုံး ပစ်ခတ်သဖြင့် ဆန္ဒပြသူ ၁ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

သီရိလင်္ကာရဲတပ်ဖွဲ့က ကျည်အစစ်တွေသုံးပြီး ဆန္ဒပြသမားတွေကို ပစ်ခတ်တဲ့အတွက် ဧပြီ ၁၉ ရက်က ဆန္ဒပြသမား ၁ ဦးသေဆုံးပြီး အနည်းဆုံး ၁၂ ဦး ဒဏ်ရာရသွားပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ကပ်ဆိုက်နေပြီး ပြည်သူတွေဟာ အစိုးရရဲ့ လွဲမှားတဲ့ စီးပွားရေး စီမံခန့်ခွဲမှုကို မကျေနပ်လို့ နိုင်ငံတဝန်းလုံးမှာ ဆန္ဒပြနေတာ ရက်သတ္တပတ်တွေ ကြာနေပါပြီ။

ပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေ၊ လောင်စာဆီတွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာပါ။

ဧပြီ ၁၉ ရက်နေ့ ရဲကပစ်ခတ်လို့ ဒဏ်ရာရသူ ၁၂ ယောက်ထဲမှာ ၂ ယောက်က စိုးရိမ်ရတယ်လို့ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြပွဲတွေ အရင်လက စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

ရမ်ဘူကာနာမြို့မှာ ဆန္ဒပြသမားတွေဟာ အသွားအလာများတဲ့ ရထားလမ်းကို ပိတ်ဆို့ ဆန္ဒပြနေစဉ် ရဲက လူစုခွဲရာက အခြေအနေတွေ ဝရုန်းသုန်းကား ဖြစ်သွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံခြားသံတမန်တွေက ဒီအဖြစ်အပျက်ကို ရှုတ်ချလိုက်ပြီး မြို့တော် ကိုလံဘိုမှာ ဆန္ဒပြသမားတွေဟာ သမ္မတ ရာဂျာပက်စာ နုတ်ထွတ်ဖို့ ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up