close

ကလေးမြို့နယ် နတ်ချောင်းရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာမှာ ဧပြီ ၂၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အခုတော့ ပြေးနေရတယ်။ ရွာနဲ့ မနီးမဝေး သူတို့နဲ့လွတ်မယ့်နေရာကို။ ရွာကို မီးရှို့နေတာ မြင်ရတယ်။ အိမ်ခြေဘယ်လောက်ရှို့ခံရလဲဆိုတာတော့ မမြင်ရတဲ့အတွက် သေချာ မပြောနိုင်ဘူး။ မီးခိုးတွေ မြင်ရပုံအရ များနိုင်တယ်” လို့ ‌ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြိုနယ်တောင်ပိုင်းက ရွာတွေကို ထိုးစစ်ဆင်နေပြီး ပြည်သူရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။

လတ်တလော ကလေး-ဂန့်ဂေါလမ်းမှာ စစ်ကောင်စီတပ်နဲ့ ကလေး PDF တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ခရီးမသွားဖို့ ကလေး PDF က သတိပေးထားပါတယ်။

နတ်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခံရတာဟာ အခုဆို ၄ ကြိမ်လောက်ရှိပြီး ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၂၂ ရက်နေ့က ပထမအကြိမ်  လူနေအိမ် ၄၃ လုံး၊ အခုနှစ် ဇန်နဝါရီက ဒုတိယအကြိမ် လူနေအိမ် ၇၂ လုံးနဲ့ ဧပြီ ၁၁ ရက်နေ့က အိမ်လုံးရေ ၁၀၀ ကျော် စုစုပေါင်း အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up