close

ကြားကာလပညာရေး တော်လှန်ရေးကျောင်း FOEIM က သရုပ်ဆောင်ဒေါင်းကို သံတမန်ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် ဖွင့်လှစ်နေတဲ့ အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က သရုပ်ဆောင်မင်းသား ဒေါင်းကို သံတမန်အဖြစ် ဧပြီ ၂၆ ရက်က စတင်ပြီးတော့ ခန့်အပ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

FOEIM  ဟာ နွေဦးတော်လှန်ရေး ကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ FOEIM ကနေ အခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသားသစ်တွေ ခေါ်ယူသွားမှာဖြစ်ကာ ကျောင်းအပ်လက်ခံသွားမယ့် ရက်တွေနဲ့ စတင်တက်ရောက်ရမယ့် ရက်တွေကို ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ ၂ မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up