close

ကုလသမဂ္ဂတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး မိန့်ခွန်းပြောနေစဉ် သံတမန်များ အပြင်ထွက်သွား

မတ်လ ၁ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ရုရှားနိုင်ငံခြာရေးဝန်ကြီး ဆာဂေလဗရော့ဗ် မိန့်ခွန်းပြောနေစဉ် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့မှ သံတမန် ၃၀ ကျော်က အစည်းအဝေးအခန်းထဲက ထွက်သွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ယက်ဗ်ဟန်းနီယား ဖိလစ်ပန်ကို ကလည်း “ကုလသမဂ္ဂဟာ ပဋိညာဉ်မှာပါရှိတဲ့ မူဝါဒတွေအတိုင်း မားမားမတ်မတ် ရပ်ပါ၊ ဘာကြောင့်လဲဆိုတော့ အခု ရုရှားက ယူကရိန်းကို တိုက်ခိုက်ခြင်းဟာ ကုလသမဂ္ဂကို တိုက်ခိုက်တာခြင်း ဖြစ်တယ်၊ ကုလသမဂ္ဂအခြေခံအုတ်မြစ်နဲ့ နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုက်ခိုက်ခြင်း ဖြစ်တယ်” လို့ လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up