တိုက်စစ်မှူး မက်ဆီ၏ခြေစွမ်း လာမည့်ရာသီ ပိုကောင်းလာမည်ဟု ပိုချက်တီနို ပြော

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီရဲ့ ခြေစွမ်းဟာ လာမယ့်ရာသီရောက်မှ ပိုကောင်းလာမယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။
မက်ဆီဟာ အခုနှစ်ရာသီမှာ ပြင်သစ်လိဂ်ကို ပြောင်းရွှေ့လာပြီးနောက် လိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူထားပါတယ်။
လေ့လာသူတချို့က မက်ဆီရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေရှိပေမယ့် နည်းပြပိုချက်တီနိုက တော့ ကစားသမားဘက်ကနေ ကာကွယ်သွားခဲ့ပြီး နယ်မြေသစ်တခုမှာ အသားကျဖို့ အချိန်ယူရ နိုင်ကြောင်း ပြောပါတယ်။
ဘာစီလိုနာကနေ ပဲရစ်ကို ပြောင်းရွှေ့လာတာက ကြီးမားတဲ့ အပြောင်းအလဲတခုဖြစ်ပြီး အသားကျဖို့က လိုအပ်တဲ့လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
“အခြေအနေတွေက သူနှစ်ပေါင်း ၂ဝ လောက် ဖြတ်သန်းလာခဲ့တဲ့ ဘာစီလိုနာမှာလို သက် သောင့်သက်သာလုပ်ပြနိုင်ခဲ့တဲ့ ခံစားချက်မရှိနိုင်ပါဘူး။ ဒီအချိန်မှာ မက်ဆီကို ဝေဖန်သုံးသပ်မှုတွေက မျှတမှုမရှိပါဘူး။ သူ့ရဲ့အရည်အသွေးအပေါ်မှာ သံသယဖြစ်စရာမရှိဘူး။ သူက မာရာဒိုနာ လို အဆင့်အတန်းရှိသူပါ။ လာမယ့်ရာသီမှာဆိုရင် သူ့အတွက် အလွန်ကွဲပြားခြားနားတဲ့ ရာသီဖြစ် လာလိမ့်မယ်။”
မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ဂိုးသွင်းယူရတာထက်စာရင် ဂိုးဖန်တီးမှုအပိုင်းကို ပိုမို လုပ်ဆောင်ရပြီး လီဂူးဝမ်းမှာ ၄ ဂိုးပဲရပေမယ့် ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားပါတယ်။