close

ဘိုကလေးမြို့နယ် ပညာရေးမှူးရုံး ဝန်ထမ်း ၁ ဦး ကျပ်သိန်း ၁၀၀၀ ကျော် ယူထွက်ပြေး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ မြို့နယ်ပညာရေးမှူးရုံးက ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မင်းဟာ ကျပ် သိန်း ၁၀၀၀ ကျော်ယူကာ ထွက်ပြေးနေတာကြောင့် ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဘိုကလေး ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ဘဏ်ချက်လက်မှတ်နဲ့ထုတ်တဲ့ ငွေတွေကို စီမံခန့်ခွဲရတယ်သူလို့ပြောတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး ရုံးမတက်ဘူး။ အဆက်အသွယ်လည်းမရတော့လို့ ရဲစခန်းမှာလာအမှုဖွင့်ထားတာ”လို့ ပြောပါတယ်။

ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မင်းဟာ ငွေစာရင်းစီမံခန့်ခွဲရတဲ့သူဖြစ်ပြီး ခေါင်းစဉ် ၆ ခုအောက်က ငွေစာရင်းတွေအားလုံးကို ဧပြီလ တတိယပတ်လောက်က ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားတာလို့ ဆိုပါတယ်။

ယူဆောင်သွားတဲ့ သိန်း ၁၀၀၀ ကျော်ထဲမှာ အခြေခံပညာ စာသင်ကျောင်းတွေကို ထောက်ပံ့ပေးတဲ့ ကျောင်းထောက်ပံ့ကြေးရန်ပုံငွေတွေလည်း ပါဝင်သွားပြီး စစ်ကောင်စီက ကျောင်းမဖွင့်ခင်ပြန်မိအောင်လုပ်ဖို့ ဖိအားပေးပြောဆိုထားတယ်လို့ ပညာရေးအသိုင်းဝိုင်းက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up