close

ဘိုလီးဗီးယား အကျဉ်းထောင်၌ စာဖတ်သည့် အကျဉ်းသားများ လျှော့ရက်ရမည့် အစီအစဉ် စတင်

ဘိုလီးဗီးယားနိုင်ငံက လူတွေကြပ်ညပ်နေတဲ့ အကျဉ်းထောင်တွေထဲက ထောင်သားတွေဟာ ခုတော့ စာအုပ်တွေဖတ်ရင်းနဲ့ သူတို့ရဲ့ ထောင်ဒဏ်ကို လျှော့ချနိုင်မယ့် အခွင့်အရေးရရှိနေပါပြီ။

အစိုးရရဲ့ အစီအစဉ်သစ်ဖြစ်တဲ့ သံတိုင်နောက်က စာအုပ်များ အစီအစဉ်ဟာ စာဖတ်တဲ့ အကျဉ်းသားတွေအတွက် သီတင်းပတ်တွေ ပိုစောပြီး ထောင်ထဲကနေ ထွက်လာနိုင်မယ့် အခွင့်အလမ်းကို ပေးပါတယ်။

အကျဉ်းသားတွေအတွက် ပညာရေး၊ ပြန်လည်ပေါင်းစည်းရေး ဒါမှမဟုတ် လူမှုကူညီရေး အစီအစဉ်တွေအတွက် ဝန်ဆောင်မှုမပေးနိုင်တဲ့ အကျဉ်းထောင် ၄၇ ခုမှာ စာဖတ်ခိုင်းတဲ့ အစီအစဉ်ကိုစခဲ့တာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံကနေ အတုယူထားတဲ့ ဒီအစီအစဉ်ဟာ အကျဉ်းသားတွေအတွက် စာတတ်မြောက်မှုနဲ့ မျှော်လင့်ချက်တွေပေးဖို့ ရည်မှန်းထားတာပါ။

ဘိုလီးဗီးယားနိုင်ငံမှာ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် မရှိပေမဲ့ တရားစီရင်ရေးစနစ် နှေးကွေးလို့ အချုပ်ခန်းမှာ အချုပ်သားတွေဟာ နှစ်အများအပြားကြာအောင် နေရလေ့ရှိပါတယ်။

ခုအချိန်အထိ အကျဉ်းသား ၈၆၅ ဦးဟာ စာရေးစာဖတ် စွမ်းရည်ကို မြှင့်တင်ပေးရင်း လွတ်ရက် နီးစပ်လာဖို့ စာဖတ်နေကြပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up