လင်ဂတ်ကိုခေါ်ယူရန် ဂျူဗင်တပ်၊ ပီအက်စ်ဂျီနှင့် အေစီမီလန်တို့ အပြိုင်ကြိုးပမ်း

မန်ယူအသင်းကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်၊ ပီအက်စ်ဂျီနဲ့ အေစီမီလန်အသင်းတွေ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူဟာ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာပါ။
လင်ဂတ်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ကစားချင်တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရှိမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့လိုနေပါတယ်။
ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသွားတဲ့ လင်ဂတ်ကို အီတလီ ထိပ်သီးကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အေစီမီလန်၊ ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကလည်း ခေါ်ယူလိုနေပြီး လင်ဂတ်အနေနဲ့ ရာသီကုန်ဆုံးချိန်မှာ ဆုံးဖြတ်ချက်ချရဖို့ ရှိနေပါတယ်။
လင်ဂတ်ဟာ အသက် ၇ နှစ်ကတည်းက မန်ယူအသင်းမှာ ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ၂၂ နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၂၃၂ ပွဲမှာ ၃၅ ဂိုး သွင်းယူထားပါတယ်။