close

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း ပခုက္ကူမြို့နယ်က အနောက်ဘုန်းကန်ရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မေ ၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defense Force ကဆိုပါတယ်။

“ဒီဟာလုပ်ဖို့ အစီစဥ်စွဲတာ ၃ ရက်လောက်ကြာပြီ၊ အရင် နှစ်ရက်ကလည်း သွားလုပ်တာ မအောင်မြင်ခဲ့တာပေါ့။ လက်နက်ချို့ယွင်းတာတွေ၊ လက်နက်ကြီး ၆၀-မမ မပေါက်တာတွေ ဘာတွေနဲ့ဆိုတော့ ဒီနေ့မှပေါက်တာ” လို့ Earthquake People's Defense Force  အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အနောက်ဘုန်းကန်ရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီး ၆၀ မမနဲ့ အချက် ၂၀ ဝန်းကျင်လောက် ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်ပေမယ့် အတည်ပြုလို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက အနောက်ဘုန်းကန်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့အပြင် ပျူစောထီးတွေကိုပါ သင်တန်းပေးနေတယ်ဆိုပြီး သတင်းရရှိတာကြောင့် မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကို  နံ့သာမြိုင်ပြောက်ကျားတပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ Pakokku People's Defence Force နဲ့ Earthquake People's Defence Force မဟာမိတ်တပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up