ယူကရိန်းကို စစ်ရေးနှင့်ကာကွယ်ရေး အကူအညီ ဆက်ပေးမည်ဟု G-7 နိုင်ငံများ ကတိပြု

ယူကရိန်းကို စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အကူအညီတွေကို ဆက်ပေးသွားမယ်လို့ စီးပွားရေး အင်အားကြီး ၇ နိုင်ငံ (G7) က ထပ်ပြီး ကတိပြုလိုက်ကြပါတယ်။
မေ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း အွန်လိုင်းကနေ တက်ရောက်ခဲ့ပြီး အနောက်နိုင်ငံတွေဆီက ယူကရိန်းအတွက် လက်နက်နဲ့ ငွေကြေး အကူအညီတွေ ထပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
G7 အဖွဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ပြီး တိုးမြှင့်သွားဖို့ ရှိပါတယ်။
ရုရှားဆီက ရေနံကို ကာလတခုအတွင်း တခြားစွမ်းအင်နဲ့အစားထိုးနိုင်ဖို့ ဆောင်ရွက်သွားမယ့် အကြောင်း၊ ရုရှားဘဏ်စနစ်တွေနဲ့ တခြား လူတဦးချင်းစီကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ဆက်ပြီး ချမှတ်သွားမယ်လို့ ဆိုပါတယ်။
မေ ၈ ရက်မှာပဲ အမေရိကန်အစိုးရက ရုရှားနိုင်ငံပိုင် မီဒီယာနဲ့ အမေရိကန်ဘက်က ငွေစာရင်းနဲ့ တခြား အကြံပေးကိစ္စတွေနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို ရုရှားဘက်က မပေးနိုင်အောင် ပိတ်ပင်သွားမယ့်အကြောင်း ကြေညာပါတယ်။
ဒါ့အပြင် ရုရှားရဲ့စက်မှု လက်မှုလုပ်ငန်းတွေကို အထောက်အကူဖြစ်စေမယ့် အမေရိကန် ပို့ကုန် တွေကို ကန့်သတ်တဲ့ ပိတ်ဆို့မှုကိုလည်း အမေရိကန်ဘက်က ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။