close

အမေရိကန်သမ္မတကတော် ကြိုတင်မကြေညာဘဲ ယူကရိန်းသို့ သွားရောက်

အမေရိကန်သမ္မတတော် ဒေါက်တာ ဂျေးဘိုင်ဒင်ဟာ ကြိုတင်မကြေညာဘဲ မေ ၈ ရက်က ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို သွားရောက်ခဲ့ပါတယ်။ 

ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုကို ခံနေရတဲ့ ယူကရိန်းကို သွားပြီး ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်တဲ့အကြောင်း ပြသတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ 

ဒေါက်တာဂျေးဘိုင်ဒင်ဟာ ကီယက်ဗ်မြို့မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း တကျောင်းကို သွားရောက်ပြီး၊ ယူကရိန်းသမ္မတ ကတော် အိုလန်နာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

“ဒီစစ်ပွဲကို ရပ်ဖို့ လိုအပ်တယ်။ ဒီစစ်ပွဲဟာ ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်း ပြည်သူတွေနဲ့ အတူ ရပ်တည်တယ်ဆိုတာကို ယူကရိန်းပြည်သူတွေ သိဖို့ဟာ အရေးကြီးတယ်လို့ ထင်ပါတယ်” လို့ ဒေါက်တာဂျေးဘိုင်ဒင်က ပြောပါတယ်။ 

ဒီကျောင်းမှာ ဒုက္ခသည် ၁၆၃ ယောက် ခိုလှုံနေပြီး ၄၇ ယောက်က ကလေးငယ်တွေ ဖြစ်ပါတယ်။

ဒေါက်တာဂျေးဘိုင်ဒင်ဟာ ဆလိုဗက်ကီးယားကနေ ယူကရိန်းကို ရောက်လာတာပါ။ 

သမ္မတ ဇလန်းစကီးရဲ့ ကတော် အိုလန်နာ ဇလန်းစကီးကိုလည်း ဖေဖော်ဝါရီ ၂၄ မှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်တဲ့အချိန်ကတည်းက အခုချိန်မှ ပထမဆုံး လူမြင်ကွင်းမှာ ပြန်လည်မြင်ရတာပါ။ 

စစ်ဖြစ်နေတဲ့ ကာလကြီးမှာ ယူကရိန်းအထိ အရောက်လာတဲ့ အမေရိကန် သမ္မတကတော်ရဲ့ သတ္တိကို သူက ချီးကျူးစကား ပြောပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းစစ်ပွဲကို အမြန်ရပ်တန့်နိုင်ဖို့ ရုရှားကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့တဲ့နည်းလမ်းနဲ့ ဖိအားပေးတဲ့နေရာမှာ ဦးဆောင်မှု ပေးနေပါတယ်။

အခုအချိန်အထိတော့ သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင် ယူကရိန်းမြေပေါ်ကို မရောက်လာသေးပေမယ့် အမေရိကန်ထိပ်တန်းအရာရှိတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ကာကွယ်ရေးဝန်ကြီး အော်စတင်၊ လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီတို့ ယူကရိန်းကို ကျန်ခဲ့တဲ့ နှစ်ပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် သွားရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up