close

ယူကရိန်းစစ်ပွဲအောင်နိုင်ရေး ကူညီရန် သံတမန်အနေဖြင့် ရှက်ဖ်ချင်ကို တာဝန်ယူ

ယူကရိန်း ဂန္ထဝင်တိုက်စစ်မှူး ရှက်ဖ်ချင်ကိုဟာ အမိနိုင်ငံရဲ့ စစ်ပွဲအောင်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဖို့ သံတမန်တဦးအနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး၊ အေစီမီလန်နဲ့ ဒိုင်နမိုကိယက်ဗ် တိုက်စစ်မှူးဟောင်းဟာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ့် ယူနိုက်တက် ၂၄ အဖွဲ့ရဲ့ သံတမန်တဦးအနေနဲ့ တာဝန်ယူဖို့ လက်မှတ်ရေးထိုးခဲ့တာပါ။

ရှက်ဖ်ချင်ကိုဟာ သူနေထိုင်တဲ့ လန်ဒန်ကနေ ကိယက်ဗ်အထိ သွားရောက်ပြီး ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ကာကွယ်ရေး၊ မိုင်းရှင်းလင်းရေး၊ ဆေးဝါးထောက်ပံ့ရေး၊ အခြေခံအဆောက်အအုံတွေနဲ့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

လန်ဒန်ရှိနေအိမ်မှာလည်း ယူကရိန်း စစ်ဘေးရှောင် ကလေးငယ် ၁၅၀ လောက်ကို လက်ခံခိုလူံခွင့်ပေးထားတယ်လို့ သိရပါတယ်။

ယူကရိန်းဘောလုံးအသင်းအတွက် နှစ်ပေါင်းများစွာ ကစားခဲ့ပြီး ကူညီပေးခဲ့သလို နိုင်ငံတွင်းမှာ စစ်ပွဲပေါ်ပေါက်လာတဲ့ အချိန်မှာလည်း ကူညီပေးချင်ပြီး စစ်ဘေးသင့် ပြည်သူတွေအတွက် အလှူငွေတွေလည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ရှက်ဖ်ချင်ကိုက အသိပေးသွားခဲ့ပါတယ်။

//
Up