သေနတ်ကိုင် အကြမ်းဖက်မှု တားဆီးရေး ချက်ချင်းလုပ်ရန် အမေရိကန်လွှတ်တော်နှင့် သမ္မတကို တိုက်တွန်း

နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမှာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် သေဆုံးပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုရှိ သေနတ်ထိန်းချုပ်ရေး အဖွဲ့အစည်း ၃၈ ခုက ကွန်ဂရက်လွှတ်တော်နဲ့ သမ္မတ ဂျိုးဘိုင်ဒင်တို့ကို သေနတ်ကိုင်ဆောင် အကြမ်းဖက်မှု တားဆီးရေး ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီ သေနတ်ပစ်ခတ်မှုဟာ သေနတ်ထိန်းချုပ်ဖို့ အမေရိကန်ပြည်သူတွေရဲ့ တောင်းဆိုမှုကို မြင့်တက်စေခဲ့ပါတယ်။
သေနတ်ထိန်းချုပ်ရေး အဖွဲ့အစည်းတွေဟာ အမေရိကန် အောက်လွှတ်တော်ကို စာရေးသားပေးပို့ခဲ့ပြီး အကြမ်းဖက်မှုကို တားဆီးရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ပံ့ပိုးပေးဖို့နဲ့ တိုက်ခိုက်ရေးလက်နက်တွေ ရောင်းချခြင်းကို တားမြစ်ပေးဖို့ တောင်းဆိုထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သေနတ်ထိန်းချုပ်ရေးအဖွဲ့တွေဟာ သေနတ်ဝယ်ယူဖို့အတွက် နောက်ခံစစ်ဆေးမှုတွေကို အားကောင်းစေမယ့် ဥပဒေကို အတည်ပြုပေးဖို့လည်း အထက်လွှတ်တော်ကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် သမ္မတဘိုင်ဒင်ကို အိမ်ဖြူတော်မှာ သေနတ်ပစ်အကြမ်းဖက်မှု ကာကွယ်ရေးရုံး တည်ထောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
အခုနှစ်အတွင်း အမေရိကန်မှာ အသေအပျောက် လေးဦး သို့မဟုတ် ဒီ့ထက်ပိုမို အသေအပျောက်ရှိတဲ့ ပစ်ခတ်မှု ၂၀၃ ကြိမ်ရှိကြောင်း သေနတ်ပစ်အကြမ်းဖက်မှုမှတ်တမ်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။