close

နည်းပြကွန်တီအား ထောက်ခံမှုအပြည့်အဝပေးရန် စပါးအသင်းကို ကစားသမားများတောင်းဆို

နည်းပြကွန်တီကို ထောက်ခံမှုအပြည့်အဝေပေးဖို့ စပါးအသင်းကို ကစားသမားတွေက တောင်းဆိုထားပါတယ်။ 

ကွန်တီဟာ အသင်းကိုရောက်ရှိချိန်မှာ ကစားသမားခေါ်ယူမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့ရှိခဲ့လို့ စပါးအသင်းနဲ့ အနာဂတ် မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။ 

ဒါပေမဲ့ ရာသီကုန်ဆုံးချိန်မှာတော့ အာဆင်နယ်ကို ကျော်တက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

ဒီလိုအချိန်မှာ နည်းပြကွန်တီအပေါ်မှာ ထောက်ခံမှုအပြည့်အဝပေးဖို့ စပါးအသင်းဘုတ်အဖွဲ့ကို အသင်းရဲ့စီနီယာ ကစားသမားတွေက တောင်းဆိုခဲ့တာပါ။ 

နောက်ခံလူ အဲရစ်ဒိုင်ယာကတော့ လက်ရှိအချိန်မှာ နည်းပြ ကွန်တီကို လုပ်ပိုင်ခွင့်အပြည့်ပေးပြီး ရင်းနှီးမြှုပ်နှံမူတွေလုပ်ဆောင်ဖို့ အချိန်ကောင်းဖြစ်ကြောင်း၊ အသင်းအောင်မြင်မှုရရှိရေးဟာ အသင်းရဲ့လက်ထဲမှာပဲ ရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။ 

အသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမား ဟူဂိုလိုရစ်ကလည်း နည်းပြကွန်တီဟာ သူလိုချင်တာတွေက ဘာတွေလဲဆိုတာ တိတိကျကျ သိမြင်သူဖြစ်ပြီး ကြီးမားတဲ့ ယုံကြည်မှုလည်းရှိသူ ဖြစ်ကြောင်း ချီးကျူးပါတယ်။ 

လတ်တလောသတင်းတွေအရ စပါးအသင်းဟာ ဆောက်သမ်တန်ဂိုးသမား ဖော်စတာကို ခေါ်ယူဖို့ နီးစပ်နေပြီး မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဇူကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

//
Up