close

နိုင်ငံခြားသား ခရီးသွားများကို ဇွန် ၁ ရက်ကစပြီး ပြည်ဝင်ခွင့်ပေးမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

ဂျပန်နိုင်ငံထဲကို နိုင်ငံခြားသား ခရီးသွားတွေ ဇွန် ၁ ရက်ကစပြီး ပြည်ဝင်ခွင့်ပေးတော့မယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မေ ၂၆ ရက်မှာ ပြောပါတယ်။

၂ နှစ်ကျော်ကြာ ပိတ်ထားတဲ့ ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်တဲ့အခါ ပထမအဆင့်အနေနဲ့ အဖွဲ့လိုက် ခရီးသွားအုပ်စုတွေ ပက်ကေ့ချ်တိုးတွေကို အရင်ဆုံး ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

စင်ကာပူ၊ ထိုင်း အပါအဝင် တခြားနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီးချုပ်က အခုလို ကြေညာလိုက်တာပါ။

ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေတွေ လျော့ပါးနေပြီဖြစ်တဲ့အတွက် ဇွန် ၁ ရက်နေ့စပြီး နေ့စဉ် ဂျပန်နိုင်ငံထဲ ဝင်ရောက်ခွင့်ပေးထားတဲ့ လူအရေအတွက်ကို ၂ ဆတိုးပြီး ၂၀,၀၀၀ အထိ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းကနေ ဝင်လာမယ့် ခရီးသွား တိုးရစ်တွေကိုတော့ ကမ္ဘာ့လှည့်ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ မြောက်ပိုင်း ဟော့ကိုင်ဒိုခရိုင်ထဲက ရှင်ချီတိုစ်လေဆိပ်၊ တောင်ပိုင်းစွန်း အိုကီနာဝါ ခရိုင်ထဲက နာဟာလေဆိပ်တို့ကနေတဆင့် လက်ခံသွားမယ်လို့ ပြောပါတယ်။

နေ့စဉ် ပြည်ဝင်ခွင့်ပေးမယ့် လူဦးရေ ၂၀,၀၀၀ ထဲမှာ ဂျပန်နိုင်ငံသားတွေ၊ နေထိုင်ခွင့်ရသူတွေနဲ့ ပက်ကေ့ချ်တိုးနဲ့ ဝင်လာမယ့် တိုးရစ်တွေ ပါဝင်တယ်လို့ ဂျပန်အစိုးရ သတင်းအရစ်အမြစ်တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနည်းတဲ့ နိုင်ငံတွေကလာပြီး ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသား တိုးရစ်တွေကိုတော့ ကွာရန်တင်းနဲ့ လေဆိပ်အဝင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတာကို ကင်းလွတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

//
Up