close

ဘရာဇီးတွင် မိုးကြီးသဖြင့် ၃၅ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာ မေ ၂၇ နဲ့ ၂၈ ရက်တွေက မိုးကြီးလို့ လူ ၃၅ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းမှာရှိတဲ့ အဓိက မြို့ကြီး ၂ မြို့ မှာ မိုးသည်းသည်း ထန်ထန် ရွာခဲ့ တာပါ။ ငါးလအတွင်း အကြီးစားရေဘေးသင့်တာ လေးကြိမ်ရှိပါပြီ။

ပါနမ်ဘူကိုပြည်နယ်မှာ မေ ၂၈ ရက်မွန်းလွဲပိုင်းက မိုးကြီးပြီး မြို့ပေါ် တောင်စောင်းပေါ်က ရပ်ကွက်မှာ မြေပြိုခဲ့တာကြောင့် လူ ၃ ၃ယောက် ထက်မနည်း သေဆုံးတယ်လို့ ပြည်နယ်ရဲ့ တရားဝင် တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖော်ပ်ထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် နောက်ထပ် လူ ၇၆၅ ယောက်လည်း သူတို့အိမ်တွေကို ယာယီ စွန့်ခွာခဲ့ရတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

မေ ၂၇ နဲ့ ၂၈ ရက်မှာ ပါနမ်ဘူကိုပြည်နယ်ရဲ့ မြို့တော် ရက်စီဖေမြို့မှာ မြေပြိုလို့ လူအများအပြား သေဆုံးခဲ့ပါတယ်။

ဘရာဇီးနိုင်ငံထဲက မြို့ပြဧရိယာအများအပြားမှာလိုပဲ ရက်စီဖြေမြို့ရဲ့  ရပ်ကွက်အများအပြားကို မြေနဲ့ ရွှံမြေတွေ ပြိုကျနိုင်တဲ့ နေရာတွေမှာ တည်ထားပါတယ်။ 

//
Up