close

ဘိုင်ယန် ကစားသမားဘဝ ပြီးဆုံးသွားပြီဟု တိုက်စစ်မှူး လီဝန်ဒေါစကီး အတည်ပြု

ဘိုင်ယန်မြူးနစ်ကစားသမားဘဝ ပြီးဆုံးသွားပြီလို့ တိုက်စစ်မှူး လီဝန်ဒေါစကီးက  အတည်ပြု ပြောကြားလိုက်ပါတယ်။ 

ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းမှာ ဆက်ကစားမှာ မဟုတ်တော့ကြောင်း ပိုလန်အသင်းနဲ့အတူ ပူးပေါင်းစဉ်မှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာပါ။ 

လီဝန်ဒေါစကီးက “ဘိုင်ယန်မှာ ကျနော့်ကစားသမားဘဝက ပြီးဆုံးသွားပါပြီ။ နောက်တကြိမ် ထပ်ကစားဖို့ ဖြစ်နိုင်ဖွယ်ရာတခု မရှိတော့ပါဘူး။ ဘိုင်ယန်က တောင်းဆိုမှုများတဲ့ အသင်းတသင်းဖြစ်ပြီး ကျနော့်ကို ဆက်ထိန်းမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ကျနော့်အနေနဲ့လည်း ထပ်ပြီး မကစားချင်တော့ဘူး။ အပြောင်းအရွှေ့တခု လုပ်ဆောင်တာက အကောင်းဆုံးအဖြေပါပဲ။ သူတို့ဘက်က ကျနော့်ကို မတားဆီးဖို့ မျှော်လင့်ပါတယ်” လို့ အတိအလင်း ထုတ်ဖော်ပြောပြသွားခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ် စီအီးအို အိုလီဗာခမ်းကတော့ လီဝန်ဒေါစကီးရဲ့ ပြောကြားချက်အပေါ် အံ့အားသင့်မိပြီး ဘာကြောင့် အသင်းပြောင်းရွှေ့မယ့်လမ်းကို ရွေးချယ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။ 

အသက် ၃၃ နှစ်ရှိ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အတွက် ပွဲပေါင်း ၃၇၄ ပွဲမှာ ၃၄၄ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတွေနဲ့ သတင်းထွက်ပေါ်နေပါတယ်။

//
Up