ဟန်ဂေရီကိုရှုံးနိမ့်မှုအပေါ် လက်ခံရလိမ့်မည်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ်ပြော

နေးရှင်းလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ ဟန်ဂေရီကိုရှုံးနိမ့်ခဲ့တာဟာ လက်ခံရမယ့် ရလဒ်ဖြစ်တယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောပါတယ်။
မနေ့ညက ကန်သွားတဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ဟန်ဂေရီကို ၁ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အနိုင်ရလောက်တဲ့စွမ်းဆောင်ရည်လဲ မရှိခဲ့တာကြောင့် လက်ခံရမယ့် ရလဒ်ဖြစ် တယ်လို့ နည်းပြဆောက်ဂိတ်ကပြောသွားခဲ့တာပါ။
“အနိုင်ရဖို့အတွက် လုံလောက်တဲ့စွမ်းဆောင်ရည် ထုတ်မပြနိုင်ခဲ့တာကြောင့် ရှုံးပွဲနဲ့ပတ်သက်ပြီး လက်ခံရမှာပါ။ ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှုပိုသာခဲ့ပေမယ့် ပြိုင်ဘက်ဧရိယာထိပ်မှာ တိကျသေချာမှုမရှိခဲ့ပါဘူး။ အပိုင်အခွင့်အရေးတွေလည်းသိပ်မရခဲ့ဘူး”လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ဇွန် ၈ ရက်မှာ ဂျာမနီ၊ ဇွန် ၁၂ ရက်မှာ အီတလီ၊ ဇွန် ၁၅ ရက်မှာ ဟန်ဂေရီအသင်းနဲ့ပဲ ဆက်ပြီးယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။