close

အာဂျင်တီးနားနိုင်ငံမြို့တော်တွင် အမျိုးသမီးများ ချီတက်ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံ မြို့တော် ဗြူနော့အေးရီးစ်ရဲ့လမ်းမတွေပေါ်မှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ ဇွန်လ ၃ ရက်က အမျိုးသမီးတွေကို သတ်ဖြတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အမျိုးသားတွေလက်ချက်ကြောင့် အမျိုးသမီးတစ်ယောက်မှ မသေစေရဆိုတဲ့  ကြွေးကြော်သံတွေနဲ့ စတင်ချီတက်ခဲ့ကြပြီး ကျား၊ မရေးရာ အကြမ်းဖက်မှု ပပျောက်ရေးအတွက် တူညီတဲ့ တောင်းဆိုချက်ကို တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသမီးဖြစ်မှုကြောင့် သတ်ဖြတ်ခံရသူတွေအတွက်  ဆန္ဒပြသူတွေဟာ သတိတရ ဖယောင်းတိုင်တွေ ထွန်းကြပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အာဂျင်တီးနားနိုင်ငံမှာ ၃၅ နာရီတိုင်း ပျမ်းမျှ အမျိုးသမီးသတ်ဖြတ်ခံရမှု ၁ မှု ဖြစ်ခဲ့ပြီး အဲဒီလိုရာဇဝတ်မှုတွေထဲက ၈၁ ရာခိုင်နှုန်းဟာ အိမ်တွင်းအကြမ်းဖက်မှု အခြေအနေမှာ ဖြစ်ပွားခဲ့တာပါလို့ အာဂျင်တီးနား တရားရုံးချုပ် ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

//
Up