close

တောင်ကိုရီးယားနှင့် အမေရိကန်တပ်များ မြေပြင်ပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ မြေပြင်ကနေ မြေပြင်ကို ပစ်ခတ်တဲ့ ဒုံးကျည် ၈ စင်းကို ဇွန် ၆ ရက်အစောပိုင်းက ၁၀ မိနစ်ကြာ ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက အရင်နေ့က တာတိုပစ် ဒုံးကျည် ၈ စီးကို အတွဲလိုက် ပစ်လွှတ်ခဲ့အပြီး တုံ့ပြန်ပစ်ခတ်တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတယောက်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်စင်တွေ၊ ကွပ်ကဲထောက်ပံ့ရေးဌာနတွေ အရင်းအမြစ်တွေကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်စွမ်းနဲ့ အသင့်ဖြစ်မှုကို သရုပ်ပြတာလို့ တောင်ကိုရီးယား စစ်တပ်ကို ကိုးကားပြီး တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက ရေးပါတယ်။

ပစ်ခတ်ခဲ့တဲ့အထဲမှာ စစ်တပ်ရဲ့ ဗျူဟာမြောက် ဒုံးကျည်စနစ် ၈ ခုကနေ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတယောက်က အတည်ပြုပြောပါတယ်။

//
Up