ဘရန့်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်ကို မန်ယူခေါ်လို

13
ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို မန်ယူအသင်း ဆီ ခေါ်ယူဖို့ မန်ယူနည်းပြ တန်ဟက်ဂ် ဆန္ဒရှိနေကြောင်း သိရပါတယ်။
အသက် ၃၀ အရွယ် အဲရစ်ဆင်ဟာ နှလုံးရောဂါကြောင့် အင်တာမီလန်အသင်းနဲ့ လမ်းခွဲခဲ့ ရပေမဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တာပါ။
ဒါကြောင့် ဘရန့်ဖို့ဒ်နဲ့ ၆ လစာချုပ် သက်တမ်းကုန်ပြီး ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိမယ့် အဲရစ်ဆင်ကို ခေါ်ယူလိုတဲ့ အသင်းများစွာ ရှိလာတဲ့ထဲက မန်ယူလည်း ပါဝင်လာတာဖြစ်ပါတယ်။
တန်ဟက်ဂ်ဟာ အေဂျက်စ်ကစားသမားဟောင်း အဲရစ်ဆင်ကို ဘရန့်ဖို့ဒ်နဲ့ စာချုပ်မချုပ်ဆိုမီက အေဂျက်စ်အသင်းမှာ လေ့ကျင့်ခွင့်ပြုခဲ့သူလည်းဖြစ်ပါတယ်။