close

ကေအန်ယူနယ်မြေ မုန်းမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် ကိုယ်ထူကိုယ်ထကျောင်း စတင်ဖွင့်လှစ်

ကရင်အမျိုးသားအစည်းအရုံ (ကေအန်ယူ)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှာ ကိုယ်ထူကိုယ်ထကျောင်းတွေ စတင်ဖွင့်လှစ်တယ်လို့  ကေအန်ယူက သတင်းထုတ်ပါတယ်။

မုန်းမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဒီကနေ့ ဇွန်လ ၇ ရက်ကစပြီး စတင်ဖွင့်လှစ်လိုက်တာဖြစ်ပြီး  ပြည်သူ့အုပ်ချုပ်ရေးကို တည်ထောင်ဖို့အတွက်နဲ့ မိမိကံကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးဖို့ အခုလို ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။

ကိုယ်ထူကိုယ်ထကျောင်း ပထမဦးဆုံး စတင်ဖွင့်လှစ်တဲ့အတွက်‌ ကျေင်းအသုံးအဆောင်ပစ္စည်းတွေ၊ ကျောင်း အဆောက်အအုံနဲ့ ဆရာ/ဆရာမတွေ လိုအပ်နေတဲ့အတွက် အလှူရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ထားပါတယ်။

//
Up