close

ကျိုင်းတုံခရိုင်တွင် အင်အား ရစ်ချ်တာစကေး ၅ အဆင့်ရှိ မြေငလျင်လှုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့အနားမှာ ဇွန် ၈ ရက် ဒီနေ့မနက်က   ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၀ အဆင့်ရှိ  အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဒီနေ့မနက် မြန်မာစံတော်ချိန်  ၉ နာရီ၊  ၅၆ မိနစ်၊  ၄၅ စက္ကန့်လောက်က  ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်  ၅၇ မိုင်ခန့်ကွာဝေးတဲ့  မြန်မာနိုင်ငံပြည်တွင်း  မိုင်းပြင်းမြို့ရဲ့ အနောက်မြောက်ဘက်  ၂၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး   မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။

အဆိုပါ မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

//
Up