close

သီရိလင်္ကာသမ္မတ၏ညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်

စီပွားရေးကျပ်တည်းမှုပြဿနာ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတရဲ့ ညီအငယ်ဆုံးဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဘာဆေးလ် ရာဂျာပါ့ခ်ဆာဟာ ဇွန် ၉ ရက်က ပါလီမန်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ  နုတ်ထွက်ကြောင်းကြေညာခဲ့ပါတယ်။

အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာ ဘာတခုမှ ပါဝင်ဆောင်ရွက်မှာမဟုတ်ပေမဲ့ နိုင်ငံရေးကနေ ဝေးနေမှာမဟုတ်ဘူးလို့ ရာဂျာပက်ခ်ဆာက ကိုလံဘိုမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“လွှတ်တော်က သူ့နေရာအတွက် တခြားတစ်ယောက်ယောက်ကို ပါတီကနေ ခန့်အပ်ပေးဖို့ပါပဲ။”

ရာဂျာပါ့ခ်ဆာ ညီအစ်ကို ၃ ယောက်ဟာ သီရိလင်္ကာနိုင်ငံရေးမှာ ဆယ်စုနှစ်တွေချီ အဓိကပါဝင် လှုပ်ရှားသူတွေ ဖြစ်ခဲ့ကြပါတယ်။  

သမ္မတ ရာဂျာပက်ခ်ဆာရဲ့အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း မဟင်းဒါး ရာဂျာပက်ခ်ဆာဟာလည်း ပြီးခဲ့တဲ့လက ရာထူးကနေ နုတ်ထွက်ခဲ့ပေမဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေပါတယ်။ 

//
Up