close

ပီရူးတွင် မိုင်းတွင်းလုပ်သားများ ပစ်ခတ်မှုဖြစ်ပြီး ၁၄ ဦး သေဆုံး

ပီရူးနိုင်ငံတောင်ပိုင်း၊ ရွှေတူးဖော်တဲ့မြို့တမြို့မှာ အသေးစား မိုင်းတွင်းလုပ်သားတွေအကြား ပစ်ခတ်မှုဖြစ်ပြီး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇွန် ၈ ရက်မှာ ပြောပါတယ်။ 

ဇွန် ၁ ရက်မှ ၂ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ယောက် သေဆုံးခဲ့ကြောင်းနဲ့ ဇွန် ၇ ရက်မှာ နောက်ထပ် ရုပ်အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ကြောင်း ရဲမှုခင်းဌာနခွဲမှ အကြီးအကဲ မာကိုကွာဒရိုစ်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ မိုင်းတွင်းလုပ်သားတွေအကြားက ထိပ်တိုက်ရင်ဆိုင်မှုထဲမှာ ပါဝင်ပတ်သက်နေသူတွေလို့ သံသယရှိသူ  ၃၁ ယောက်ကို ဖမ်းဆီးထားကြောင်းအစိုးရရှေ့နေရုံးမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျောက်ဆုံးနေသူ ၁၀ ယောက် ကျန်နေသေးတာကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

//
Up