close

ရုရှား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖြစ် ရူဘယ်လ် ၅၅၁ ဘီလီယံကျော် သုံးမည်

ရုရှားအစိုးရဟာ သူ့နိုင်ငံရဲ့   အရေးပေါ်-အရန်-ရန်ပုံငွေအဖြစ်  အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော်နဲ့ညီမျှတဲ့ ရူဘယ်လ် ၅၅၁  ဒသမ ၄ ဘီလီယံကို  ဇွန် ၉ ရက်က ထည့်သွင်းခဲ့ပါတယ်။

ရန်ပုံငွေရဲ့တစ်စိတ်တစ်ပိုင်းကို တည်ငြိမ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရာမှာ သုံးစွဲသွားမှာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရှိနေပေမယ့် ရုရှားရဲ့ ရေနံတင်ပို့မှုအပေါ် သက်ရောက်မှုမရှိတာကြောင့် အခုနှစ်မှာ စွမ်းအင် တင်ပို့မှုကနေ ၀င်ငွေအမြောက်အများရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယို လဗ်ရို့ဗ်က ခန့်မှန်းထားပါတယ်။ 

ရူဘယ်လ်ငွေနဲ့ပေးချေမှု မူဝါဒဟာ ကောင်းကောင်း အလုပ်ဖြစ်နေပြီး နောက်ထပ် ဥရောပ ဖောက်သည်တွေအတွက် ဓာတ်ငွေ့ဖြတ်တောက်ဖို့ မမျှော်လင့်ထားဘူးလို့ ရုရှားအစိုးရက ပြောပါတယ်။ 

ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့မှ စွမ်းအင်ကုမ္ပဏီတွေဟာ ရုရှားရဲ့ ငွေပေးချေမှုအစီအစဉ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ 

//
Up