close

ကစားသမားသစ် ၄ ဦး အနည်းဆုံးခေါ်ယူရန် မန်ယူနိုက်တက်အသင်းကို နဗီးလ်တိုက်တွန်း

အပြောင်းအရွှေ့မှာ ကစားသမားသစ် ၄ ဦး အနည်းဆုံးခေါ်ယူဖို့လိုအပ်ကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူချက်စတာယူနိုက်တက်အသင်းကိုတိုက်တွန်းသွားပါတယ်။

အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ယူအသင်းဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ နဗီးလ်က တိုက်တွန်းခဲ့တာဖြစ်ပြီး ဘယ်နေရာတွေမှာလိုအပ် နေသလဲဆိုတာကိုလည်း အားလုံးသိရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ဗဟိုကွင်းလယ် ကစားသမားနေရာကနေ မဖြစ်မနေခေါ်ယူဖို့လိုအပ်နေတဲ့နေရာဖြစ်ကြောင်း နဗီးလ်ကတိုက်တွန်းခဲ့ ပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ ကွင်းလယ်ကစားသမားတွေလိုအပ်တယ်။ တိုက်စစ်မှူး တစ်ဦးလည်းလိုတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုက ဒီအသင်းမှာဆက်ရှိဖို့များနေတယ်ဆိုတာ သိပြီး သူ အကောင်းဆုံးခြေစွမ်းပြနေပေမဲ့ တိုက်စစ်မှူးတစ်ဦးက မဖြစ်မနေလိုအပ်ပါတယ်။ပြီးတော့ အစွန် ထွက်ကစားမယ့်သူတစ်ဦးလည်းလိုတယ်။ ဒီနေ့ခေတ်ကာလမှာ နောက်ခံအစွန်လူတွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်”လို့ နဗီးလ်ကပြောပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ မာတစ်၊ မာတာ၊ လင်ဂတ်နဲ့ ပေါ့ဘာတို့ကို ထွက်ခွာခွင့်ပေးခဲ့ပြီး ကာဗာနီဟာလည်း အသင်းကနေ ထွက်ခွာခဲ့တာကြောင့် ပြန်လည်ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ 

//
Up