ထိုင်းတွင် အိမ်ထောင်စုပေါင်း ၅ သိန်းအတွက် ၁ အိမ်လျှင်ဆေးခြောက် ၂ ပင် ဝေပေးမည်

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအပြင်းစား အဆင့် ၅ စာရင်းကနေ တရားဝင်ပယ် ဖျက်လိုက်ပြီးတဲ့နောက် ဆေးခြောက်စိုက်ပျိုး၊ ရောင်းဝယ်၊ သုံးစွဲမှုတွေ တွင်ကျယ်လာပါတယ်။
ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနအနေနဲ့လည်း အိမ်ထောင်စုပေါင်း ၅ သိန်းအတွက် ၁ အိမ်ကို ဆေးခြောက် ၂ ပင် စိုက်ပျိုးဖို့ ဝေငှပေးသွားမယ်လို့ စိုက်ပျိးရေးနဲ့ သမဝါယမဒုဝန်ကြီး နန်းဆောင် မနန်ယာထိုင်းဆစ်ထီက ဒီကနေ့ ဇွန်လ ၁၃ ရက်မှာ ကျင်းပတဲ့ “ဆေးခြောက်ကင်းလွတ် ခွင့်ပြုပြီး ပြည်သူတွေ ဘာရသလဲ” လို့ အမည်ပေးထားတဲ့ စိုက်ပျိုးရေးသုတေသန ပွဲတော်အခမ်းအနားမှာ ပြောပါတယ်။
အဆိုပါဆေးခြောက်ပင်တွေကို ထိုင်းစိုက်ပျိုးရေးနဲ့သမဝါယမဝန်ကြီးဌာနလက်အောက်ခံ စိုက်ပျိုးရေးသုတေသနဌာနအနေနဲ့ ဝေငှပေးသွားမှာဖြစ်ကြောင်း၊ အဲဒီအပင်တွေဟာ စိုက်ပျိုးရေးသု တေသနဌာနက စမ်းသပ်စိုက်ပျိုးထားတဲ့ ထိုင်းမျိုးစိပ်အပင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
လိုချင်သူတွေအနေနဲ့ လာမယ့် ဇွန် ၁၆ ရက်နေ့ကစ ၅၃ ခရိုင်ရှိ စိုက်ပျိုးရေးနဲ့သမဝါယမဌာနမှာ လျှောက်ထားနိုင်သလို မိမိခရိုင်မှာ အဆိုပါဌာနမရှိပါက စိုက်ပျိုးရေးနဲ့သုတေသနဌာန ဝက်ဘ်ဆိုက် မှာ အွန်လိုင်းကနေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ကိုးကား - ချင်းမိုင်နယူးစ်