close

ရည်မှန်းချက်ပြည့်ဝရန် မန်စီးတီးသို့ ပြောင်းရွှေ့ခြင်းဖြစ်ဟု တိုက်စစ်မှူးသစ် ဟာလန်း ပြော

ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ကြောင်း တိုက်စစ်မှူးသစ်ဟာလန်းက ပြောပါတယ်။ 

မန်စီးတီးအသင်းနဲ့ တရားဝင်လက်မှတ်ထိုး၊ စာချုပ်ချုပ်ဆိုအပြီးမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး အင်တာဗျူးမှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာတဲ့အပေါ် ဟာလန်းက ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ နော်ဝေတိုက်စစ်မှူး ဟာလန်းအတွက် ပေါင် ၅၁.၂ သန်း ပေးချေခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး ရည်မှန်းချက်တွေပြည့်ဝဖို့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း ဟာလန်းက ပြောပါတယ်။ 

“စီးတီးရဲ့ ကစားပုံကို ပြီးခဲ့တဲ့ရာသီတွေကတည်းက အမြဲတမ်းကြည့်ရှုခဲ့တယ်။ အသင်းရဲ့ကစားပုံက စိတ်လှုပ်ရှားစရာကောင်းပြီး အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်တာတွေ့ရပါတယ်။ ဒီ အချက်က ကျနော့်လို တိုက်စစ်မှူးအတွက်တော့ ပြီးပြည့်စုံတဲ့အချက်ပါပဲ။ ကမ္ဘာ့အဆင့် ကစားသမားတွေလည်းရှိပြီး အကောင်းဆုံးနည်းပြလည်းရှိနေတော့ ကျနော့်ရည်မှန်းချက်တွေ ပြည့်ဝေဖို့အတွက် မှန်ကန်တဲ့နေရာလို့ ယုံကြည်ပါတယ်။” 

ဟာလန်းရဲ့ ဖခင်ဖြစ်သူဟာလည်း ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မန်စီးတီးမှာ ပါဝင် ကစားခဲ့ဖူးပါတယ်။ 

အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းမှာ စုစုပေါင်း ၈၉ ပွဲ ကစားခဲ့ရာမှာ ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

//
Up