အမေရိကန်တွင် ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေပြင်ဆင်ရေး ထောက်ခံသူနှင့် ကန့်ကွက်သူများ ထိပ်တိုက်တွေ့

4
အမေရိကန်ပြည်ထောင်စု ဗဟိုတရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကို ပြင်ဆင်ဖို့ တာစူနေတဲ့အချိန်မှာ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြနေကြတာ ဇွန် ၁၃ ရက်မှာလည်း တရားရုံးချုပ်အနီးမှာ နှစ်ဘက် ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
တရားရုံးချုပ်က ရှေးရိုးစွဲ တရားသူကြီး အများစုက Roe v Wade လို့ ခေါ်တဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေပုဒ်မကို နောက်ကြောင်းပြန် ပြင်ဆင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့သတင်း မေလမှာ ပေါက်ကြားခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့မှာ ပေါ်ပေါက်နေတာပါ။
တကယ်လို့ ဒီလိုပြင်ဆင်လိုက်ရင် ပြည်နယ်တွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ဟာ တရားမဝင် ဖြစ်သွားမှာဖြစ်ပြီး ဒီလို ပြင်ဆင်ရေးကို ရီပက်ဘလစ်ကန် အမတ်တွေနဲ့ ရှေးရိုးစွဲ ဘာသာရေး ခေါင်းဆောင်တွေက ထောက်ခံနေကြတာ ဖြစ်ပါတယ်။