ထိုင်းတွင် ကျွမ်းကျင်လုပ်ငန်း ၁၆ မျိုး အတွက် လုပ်အားခတိုးမြှင့်မည်

ထိုင်းနိုင်ငံမှာ သက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးရေးမြှင့်တင်တဲ့အနေနဲ့ အခြေခံလုပ်ငန်း ၁၆ မျိုးက ကျွမ်းကျင်သူတွေကို နေ့တွက်လုပ်အားခတိုးမြှင့်မယ်လို့ ထိုင်းအစိုးရပြန်တမ်းဝင်ဝက်ဘ်ဆိုက်က ဇွန် လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အလုပ်အကိုင် ၁၆ မျိုးထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တာ ၅ မျိုး ၊ စက်မှု လက်မှုဆိုင်ရာလုပ်ငန်း ၄ မျိုးနဲ့ ဝန်ဆောင်မှုလုပ်ငန်း ၇ မျိုးတို့ ပါဝင်ပါကာ ကျွမ်း ကျင်မှုပေါ်မူတည် သတ်မှတ်ထားတဲ့ နေ့တွက်ကိုရရှိမှာဖြစ်ဖြစ်ပြီး အဆိုပါသတ်မှတ်ချက်ဟာ ရက်ပေါင်း ၉၀ အတွင်း သက်ဝင်မယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေးမှာဆိုရင် မျက်နှာကြက်တပ်ဆင်တဲ့လုပ်ငန်း တနေ့လုပ်ခ ဘတ် ၄၅၀ မှ ၅၉၅ ထိ ၊ အဆောက်အဦပုံစံကို ကွန်ပြူတာဖြင့် ရေးဆွဲတာအတွက် ၆၄၅ ဘတ် ၊ ကြမ်းပြင်နဲ့ နံရံကြွေပြားကပ် လုပ်ငန်း - ဘတ် ၄၅၀ - ၅၅၀ -၆၆၀ ထိ ၊ ဆေးသုတ်ငါး ၄၆၅ ဘတ်မှ ၆၀၀ ထိ ၊ အပေါ့စားကွန်ကရစ်စီခြင်း / ဖြုတ်သိမ်းတဲ့လုပ်ငန်း ၄၇၅ ဘတ်မှ ၅၇၅ ဘတ်ထိ လုပ်အားခတိုးမြှင့် လိုက်ပါတယ်။
စက်မှုလက်မှုလုပ်ငန်းမှာ ပန်းထိမ်လုပ်ငန်း ဘတ် ၄၅၀ - ၅၅၀ - ၆၅၀ ထိ ၊ ပရိဘောဂလုပ်ငန်း ဘတ် ၄၃၀ မှ ၅၅၀ ထိ၊ ရှေးဟောင်းလက်ရာပန်းထိမ်လုပ်ငန်း ဘတ် ၄၃၀ မှ ၅၅၀ ထိ ၊ ငွေထည်ကြေးထည်လုပ်ငန်း ၆၂၅ ဘတ်ထိ တိုးမြှင့်ပါတယ်။
ဝန်ဆောင်မှုလုပ်ငန်းတွေမှာတော့ အနှိပ်ကုထုံးနဲ့ အထွေထွေကျန်းမာရေးမြှင့်တင်လုပ်ငန်း ဘတ် ၄၆၀ မှ ၅၇၅ ထိ၊ မုန့်ဖုတ်လုပ်ငန်း ဘတ် ၄၀၀ မှ ၅၀၅ ဘတ်ထိ ၊ ဧည့်ကြိုလုပ်ငန်း ဘတ် ၄၄၀ မှ ၅၆၅ ဘတ်ထိ၊ စားသောက်ဆိုင်နှင့်အဖျော်ယမကာဆိုင်လုပ်ငန်း ဘတ် ၄၄၀၊ အမျိုးသမီးဆံပင်ညှပ်ပုံသွင်းခြင်း ဘတ် ၄၄၀ - ၅၁၀ - ၆၅၀ ဘတ်ထိ ၊ အမျိုးသားဆံပင်ညှပ်ပုံသွင်းခြင်း ဘတ် ၄၃၀ - ၅၀၀ - ၆၃၀ ဘတ်နဲ့ သက်ကြီးရွယ်အိုပြုစုခြင်း ၅၀၀ ဘတ် တိုးမြှင့်လိုက်တာဖြစ်ပါတယ်။
နေ့တွက်လုပ်အားခဟာ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နေ့စဉ်အလုပ်ချိန်အ တိုင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားတွေအနေနဲ့ မိမိအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အရည်အချင်း မြှင့်တင်ရေးသင်တန်းတွေ တက်ရောက်ခဲ့ပါက သင်တန်းဆင်းလက်မှတ်နဲ့အတူ သက်ဆိုင်ရာအလုပ် ရှင်ဆီ တင်ပြပြီး လုပ်အားခတိုးမြှင့်ပေးဖို့ တောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
ကိုးကား- ChiangMai News