ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့မည်မဟုတ်ဘဲ ဘာကာတွင် ဆက်ရှိမည်ဟု ဒမ်ဘီလီပြော

ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့မှာမဟုတ်ဘဲ ဘာစီလိုနာအသင်းမှာပဲဆက်ရှိမယ်လို့ တောင်ပံ တိုက်စစ် ကစားသမား ဒမ်ဘီလီကပြောပါတယ်။
အားလပ်ရက်တွေအတွင်းမှာ ဒမ်ဘီလီလိုက်ပါလာတဲ့ကားတစ်စီးဟာ မီးပွိုင့် မိနေစဉ် ပရိသတ်တယောက်က ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့မလားလို့ မေးမြန်းခဲ့ရာမှာ ဒမ်ဘီလီ ကပြောင်းရွှေ့မှာမဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
အသက် ၂၅ နှစ်ရှိပြင်သစ်တိုက် စစ်ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပေမယ့် ဘာစီလိုနာမှာအဆင်ပြေနေကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ဘာစီလိုနာမှာ ဆက်ရှိမှာလားဆိုတဲ့ ပရိသတ်တစ်ဦးရဲ့မေးခွန်းကို ဒမ်ဘီလီက Yes လို့ ပြန်လည်ဖြေပါတယ်။
ဒါ့အပြင် ချဲလ်ဆီးနည်ပြတူချယ်နဲ့ လက်တွဲတော့မှာလားဆိုတဲ့မေးခွန်းကိုတော့ ဘာစီလိုနာမှာအ ဆင်ပြေပါတယ်လို့ ဒမ်ဘီလီကပြန်လည်ဖြေကြားသွားတာပါ။
နည်းပြဇာဗီကတော့ ဒမ်ဘီလီကို ဆက်ထိန်းသွားလိုပြီး စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့လပိုင်းကအတည်ပြုထားပါတယ်။