close

ရီးရဲလ်အသင်းတွင် လေ့ကျင့်ဖူးသော်လည်း ပယ်ချခံခဲ့ရဟု ဘာကာကွင်းလယ်လူ ပက်ဒရီပြော

ရီးရဲလ်မက်ဒရစ်အသင်းမှာ လေ့ကျင့်ခဲ့ဖူးပေမယ့် ပယ်ချခံခဲ့ရကြောင်း ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီက ပြောပါတယ်။ 

ပက်ဒရီဟာ ဆက်ကျော်သက် ကစားသမားဘဝက ရီးရဲလ်မက်ဒရစ်အသင်းမှာ ၃ ရက်ကြာ ခြေစွမ်းစမ်းသပ်ခံခဲ့ပြီး အရည်အချင်းမပြည့်မီတာကြောင့် စာချုပ်ချုပ်ဆိုဖို့ ပယ်ချခံခဲ့ရတာပါ။ 

ရီးရဲလ်မက်ဒရစ်လူငယ်အသင်းမှာ ကစားနိုင်မယ့်အဆင့်အတန်း မရှိဘူးလို့ ပြောဆိုခံခဲ့ရပြီး အသင်းကနေ ထွက်ခွာခဲ့ရတယ်လို့ ပက်ဒရီကပြောပါတယ်။ 

“မက်ဒရစ်မှာ ၃ ရက်ကြာ​လေ့ကျင့်ခဲ့တယ်။ အဆုံးသတ်မှာတော့ သူတို့အသင်းမှာ ကစားနိုင်တဲ့ အဆင့်မရှိဘူးလို့ ပြောတယ်။ အစကတော့ အသင်းတသင်းရဲ့ ငြင်းပယ်ခံရတာကို မကြိုက်ပေမယ့် ဒါက မခံချင်စိတ်နဲ့ စိတ်လှုံ့ဆော်မှုပေးနိုင်ခဲ့တယ်။ အခုချိန်မှာတော့ ကျနော် ကစားချင်တဲ့ နေရာဆီ ရောက်လာနိုင်ခဲ့တယ်” လို့ ပက်ဒရီက ပြောပါတယ်။ 

ပက်ဒရီဟာ ပြီးခဲ့တဲ့တပတ်ကပဲ ရီးရဲလ်မက်ဒရစ်ရဲ့အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပက်ဒရီဟာ ဘာစီလိုနာမှာ ပွဲထွက်ခွင့်ရနေသလို စပိန်အသင်းမှာလည်း ကျောနံပါတ် ၁၀ ဝတ်ဆင်ခွင့်ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up