close

ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ ပြုလုပ်ခဲ့တဲ့ အဓိကပါတီအစည်းအဝေးမှာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇွန် ၂၄ ရက်နေ့မှာ ကြေညာပါတယ်။

ကင်မ်ဟာ ၈ ကြိမ်မြောက် ဗဟိုစစ်ကော်မရှင်ရဲ့ သုံးရက်ကြာ တိုးချဲ့အစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။

တောင်ကိုရီးယားရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ရှိရာ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ဖြစ်ပုံရတဲ့ မြေပုံတခုနဲ့ အစည်းအဝေးမှာ ကင်မ်နဲ့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတွေရဲ့ပုံတွေကို နိုင်ငံပိုင်ရုပ်သံလိုင်း KRT က ဇွန် ၂၃ ရက်က ထုတ်လွှင့်ပြသခဲ့ပါတယ်။

တခြားအရာရှိတွေကိုလည်း ရှေ့တန်းတပ်စခန်းတွေရဲ့ စစ်ဆင်ရေးတွေကို ဆွေးနွေးဖို့ သီးခြားအစည်းအဝေး ပြုလုပ်နေတာကိုလည်း ပြသခဲ့ပါတယ်။

ကင်မ်ဂျုံအန်းဟာ ထိပ်တန်းအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပြီးတော့ တိုင်းပြည်ရဲ့ စစ်ရေးဗျူဟာတွေ ပိုမိုအားကောင်းလာစေဖို့အတွက် စစ်ရေးအာမခံချက်ပေးမယ့် အရေးကြီးကိစ္စရပ်ကို အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

ပြုံယမ်းဟာ ငါးနှစ်အတွင်း သူ့ရဲ့ ပထမဆုံး နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်နိုင်မယ်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာတာကြောင့် ဒီအစည်းအဝေးကို အနီးကပ် စောင့်ကြည့်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေကတော့ ‌မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုဟာ အချိန်မရွေး ဖြစ်သွားနိုင်တယ်လို့ ပြောကြားထားပါတယ်။

//
Up