close

လိဂ်ဝမ်းကလပ်ဒါဘီအသင်းနည်းပြရာထူးကနေ ဝိန်းရွန်းနီ နုတ်ထွက်

နည်းပြ ဝိန်းရွန်းနီဟာ လိဂ်ဝမ်းကလပ်ဒါဘီအသင်းနည်းပြရာထူးကနေ နုတ်ထွက်သွားပါတယ်။

ပြီးခဲ့တဲ့နှစ်က ချန်ပီယံရှစ်ကနေ တန်းဆင်းခဲ့ရတဲ့ ဒါဘီအသင်းဟာ ဘဏ္ဍာရေးနဲ့ စီမံအုပ်ချုပ်ရေး အခက်အခဲတွေကြောင့် ၂၁ မှတ်လျော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး လိဂ်ဝမ်းမှာ ဆက်ပြီးယှဉ်ပြိုင်သွားမှာပါ။

ဝိန်းရွန်းနီအနေနဲ့ စာချုပ်တစ်နှစ်သက်တမ်းကျန်ရှိသေးပေမယ့် အသင်းနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပြီး အသင်းကို အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတာကြောင့်ဖြစ်တယ်လို့ အကြောင်းပြချက်ပေးသွား ပါတယ်။

“ဒါဘီအသင်းမှာ အနိမ့်အမြင့် မျိုးစုံဖြတ်သန်းခဲ့ရပြီး စိတ်ခံစားချက်မျိုးစုံရခဲ့တယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေရှိခဲ့တဲ့အပေါ် ပျော်ရွှင်ကျေနပ်စရာကောင်းခဲ့ပါတယ်။ ဒါဘီအသင်းကို စိတ်သစ်လူသစ်နဲ့ တစ်စုံတစ်ယောက်က ပြောင်းလဲပေးဖို့လိုအပ်နေတယ်လို့ ခံစားမိတယ်။ နုတ်ထွက်ခဲ့တာက ကျနော်ကိုင်တွယ်ခဲ့တဲ့ ၁၈ လတာကာလက အကြောင်းအရာတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး” လို့ ဝိန်းရွန်းနီကပြောပါတယ်။

ဒါဘီကောင်တီ အသင်းဟာ သမိုင်းအစဉ်အလာနဲ့ ပရိသတ်တွေ  အများကြီးရှိတဲ့ အသင်းဖြစ်ပြီး အနာဂတ်မှာအောင်မြင်ပါစေကြောင်းလည်း ဝိန်းရွန်းနီက ဆုတောင်းပေးခဲ့ပါတယ်။ 

//
Up