close

ပရီးမီးယားလိဂ်ထိပ်တန်းတသင်းကို ကိုင်တွယ်နိုင်စွမ်းရှိနေပြီဟု ဝိန်းရွန်းနီ ပြော

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းကို ကိုင်တွယ်နိုင်တဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံတွေ ရှိနေပြီလို့ ဒါဘီနည်းပြ ဝိန်းရွန်းနီကပြောပါတယ်။ 

အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီမှာ ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ပါ ၃ နှစ်ကြာ ဖြတ်သန်းနေတာပါ။ 

ဒါဘီအသင်းဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ စီမံအုပ်ချုပ်မှုပြဿနာတွေရှိခဲ့ပြီး ၂၁ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံနေရပါတယ်။ 

အဲဒီလိုပြဿနာတွေရှိတဲ့ ဒါဘီအသင်းမှာ နည်းပြနေရတာကြောင့် စီမံခန့်ခွဲမှုအပိုင်းမှာ တခြားအသင်းတွေထက် ပိုပြီး အတွေ့အကြုံရှိစေခဲ့တယ်လို့  ရွန်နီကပြောပါတယ်။ 

“ကျနော်တို့အသင်း ဆက်ရှိနေမယ်လို့ ရာနှုန်းပြည့်ယုံပါတယ်။ ကျနော့်အနေနဲ့လည်း ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတစ်သင်းကို ကိုင်တွယ်နိုင်တဲ့ အခြေအနေရှိနေပါပြီ။ အဲဒီအတွက် စိုးရိမ်စရာမရှိပါဘူး။ ကျနော့်အနေနဲ့ ကိုယ့်ရဲ့အားသာချက်တွေနဲ့ အားနည်းချက်တွေက ဘာတွေလဲဆိုတာကိုလည်း သိရှိထားလို့ ဒါတွေကအရေးကြီးပါတယ်။” 

ရွန်းနီဟာ ပြီးခဲ့တဲ့ တစ်ပတ်က အဲဗာတန်အသင်းရဲ့ နည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။ 

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါဘီအသင်းကို မျက်နှလွဲခဲပစ်လုပ်ခဲ့လို့ မရတာ ကြောင့်ဖြစ်ပြီး အသင်းအတွက်ဆက်ရှိဖို့ လိုတယ်လို့ ရွန်းနီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up